ထန်းတပင်မြို့နယ်တွင်  ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ထန်းတပင် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး   တောင်ငူခရိုင်   ထန်းတပင်မြို့နယ်၌ မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်စိမ်း၊သား၊ငါးနှင့် ပျံကျ ဆိုင်များအားနှာခေါင်းစည်းများ တပ်ဆင်ရောင်းချနေမှုများကို ယနေ့နံနက် ၉ နာရီက ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ နှာခေါင်းစည်း တပ်ဆင်ရေး လှုပ်ရှားမူကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးထွန်းကိုကို၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးစံသိန်း၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဦးထူးကိုကိုနှင့် ဈေးကော်မတီဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  ကိုဗစ်-  ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ ဈေးသွား၊ဈေးလာများ နေအိမ်အပြင်ထွက်ခွာပါက နှာခေါင်းစည်း  မဖြစ်မနေတပ်ဆင်ရေး  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉  ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)