သတင်းများ

တာလေမြို့၌  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးလယ်မြေများ ရေကြီးနစ်မြှပ်မှုများဖြစ်ပေါ်
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုအတွင်း မနေ့ က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသအတွင်း ယခုနှစ်အတွင်း စိုက်ပျိုးပြီးစီးပြီးဖြစ်သော မိုးစပါး လယ်မြေ (စိုက်ဧက) များအတွင်း ရေကြီးနစ်မြှပ်မှုများရှိခဲ့ပြီး ထိခိုက်ပျက်စီးခြင်းများ ဖြစ်‌ပေါ်ခဲ့ကြောင်းသိရသည်။
တာချီလိတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်း များအတွက် မြို့ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ အခြေခံစားကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်ပြည်သူ့ဆေးရုံတွင်ပြုလုပ်ခဲ့သည်။
မအူပင်ခရိုင်၊ မအူပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် မြို့တွင်းသို့လှည့်လည်အသိပညာပေး နှိုးဆော်
Jul 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း ဦးဆောင်မှုဖြင့် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မအူပင်မြို့ပေါ် ရှိရပ်ကွက်များသို့ ယနေ့နံနက် (၁၀) နာရီ က စတင်ကာ မွန်းလွဲပိုင်းအထိ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြကြောင်း သိရသည်။
ရေးမြို့နယ် အောင်ဆီဂျင်ထုတ်စက်ရုံမှ အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်ပေးလျက်ရှိ
Jul 21,2021
မွန်ပြည်နယ် ရေးမြို့နယ် ကုတင်(၁၀၀) ဆံ့ ပြည်သူ့ဆေးရုံးဝန်းအတွင်း ဝိသာခါဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (မော်လမြိုင်) တို့မှ မတည်ငွေနှင့် ရဟန်းရှင်လူပြည်သူများ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံမှ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများအတွက် နေ့စဉ်အောက်ဆီဂျင်များကို လုံလောက်စွာထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာတွင် ဆီမီးလော့ဒေါင်းချထားချိန် အပြင်ထွက်သွားလာသူများအား စစ်ဆေးဆောင်ရွက်
Jul 21,2021
မိတ္ထီလာမြို့တွင် ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၃ ရက်နေ့အထိ ဆီမီးလော့ဒေါင်းချ အသွား အလာကန့်သတ်ထားပြီး မွန်းလွဲ ၁ နာရီအချိန်နောက်ပိုင်း သွားလာခြင်းမပြုရန် တားမြစ် ထားရာ ယနေ့မွန်းလွဲ ၁ နာရီခွဲက အပြင်ထွက်သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကန့်ဘလူမြို့နယ်တွင် မြောက်ချောင်းရေလျှံမှုကြောင့် ကားလမ်းပေါ်ရေကျော်
Jul 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဇူလိုင် ၂၁ ရက်နံနက် ၃ နာရီခွဲခန့်မှ ၈ နာရီခန့်ထိ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် လိတ္ထူကျေးရွာမြောက်ဘက်ကပ်လျက်ရှိ  ဒေသအခေါ် မြောက်ချောင်းရေလျှံမှုဖြစ်ရာ ကားလမ်း(ကန့်ဘလူ -ကျွန်းလှ-ကောလင်း နတလလမ်း) ပေါ်ရေကျော်ရာ နံနက်ပိုင်းက သုံးပေခန့်ထိဖြစ်ပြီး  အဆိုပါနေရာသို့ ကန့်ဘလူမြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များက ကားများ၊ ဆိုင်ကယ်များ ဖြတ်ကူးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မူဆယ်ဒေသပြည်သူများနှင့် မန္တလေးပြည်သူ့ဆေးရုံအတွက် အောက်စီဂျင်များ ပေးပို့လှူဒါန်း
Jul 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် မြို့နယ်များတွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လာခြင်းနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အောက်စီဂျင်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ အရေးပေါ်လိုအပ်မှုမှာလည်း မြင့်မားလျှက်ရှိသည်။
ဘူးသီးတောင်မြို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးဆွေးနွေး
Jul 21,2021
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးဆွေးနွေးပွဲအခမ်းအနားကိုဇူလိုင်လ(၂၀)ရက်နေ့ညနေပိုင်းကဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ကိုကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်ဗစ်-၁၉‌ရောဂါကြိုတင်ကာကွယ်ရေးညွှန်ကြားချက်နှင့်အညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။