ချောင်းဆုံမြို့နယ်တွင် အောင်ဆီဂျင် စက်ရုံ အမြန်ဆုံးတည်ဆောက် အသုံးပြုနိုင်ရန် စီမံဆောင်ရွက်

ချောင်းဆုံ   ဇူလိုင်  ၂၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကိုဗစ်-၁၉ အတည်ပြုလူနာ   ကြပ်မတ်ကုသဆောင်များတွင် အောင်ဆီဂျင်  လုံလောက်စွာရရှိပြီး ရေရှည်အသုံးပြုနိုင်ရန် ဆရာတော်၊သံဃာတော်များ၏ ဩဝါဒကို နာယူပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးအောင်ကြည်သိန်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ တို့မှ ဦးဆောင်၍ ဇူလိုင်လ(၂၀)ရက်နေ့ညနေပိုင်းက ရန်ပုံငွေ ရှာဖွေရေးကော်မတီကို ဖွဲ့စည်းပြီး  အောင်စီဂျင်စက်ရုံ အမြန်ဆုံး တည်ဆောက် အသုံးပြုနိုင်ရေး အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။

အောင်ဆီဂျင်ထုတ်လုပ်သည့် စက်ပစ္စည်းများကို ထိုင်းနိုင်ငံမှ မှာယူထားပြီး   မုဒုံမောင်မောင် ကုမ္ပဏီမှ အခမဲ့ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း စက်ရုံအဆောက်အဦကိုလည်း အလှူရှင်တစ်ဦးမှ ဆောက်လုပ်လှူဒါန်းပေးမည် ဖြစ်ကြောင်း အောင်ဆီဂျင် ထုတ်သည့် စက်နှင့်ဆက်စပ်ပစ္စည်းများ၏ ကုန်ကျစရိတ် ကျပ် သိန်း(၁၁၀၀) ခန့်ကုန်ကျနိုင်သည့်အတွက်  အလှူငွေများထည့်ဝင်ပေးစေလို ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ) ဦးစိုလွင်က ပြောသည်။

ချောင်းဆုံမြို့နယ်တွင် နေ့စဉ် ကိုဗစ်-၁၉အတည်ပြုလူနာ တိုးများနေပြီး ကြပ်မတ်ကုသဆောင်များတွင် အောင်ဆီဂျင် လုံလောက်စွာရရှိနိုင်ရေး စက်ရုံကိုအမြန်ဆုံး တည်ဆောက်အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့်   ဆရာတော်၊ သံဃာတော်များနှင့် ရန်ပုံငွေရှာဖွေရေး ကော်မတီဝင်များထံသို့ ရပ်နီး/ရပ်ဝေးအလှူရှင်များ၊ ဒေသခံများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လှူဒါန်းငွေ  ကျပ်သိန်း (၃၂၀) ကျော်  ရရှိပြီးဖြစ်ကြောင်း ရန်ပုံငွေရှာဖွေရေး ကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)