ဟားခါး ဇူလိုင် ၂၃
ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ယမန်နေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19 ) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်အတွက်ပေးပို့လာသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေ:ပစ္စည်း ( ၁၁ ) မျိုး လက်ခံရရှိမှုနှင့် ဆက်လက်ဖြန့်ဝေမှု၊ ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိမှု၊ Oxygen Plant နှင့် Oxygen Concentrator လိုအပ်မှုအခြေအနေတို့ကို ပြည်နယ်ကျန်းမာရေးနှင့်ကုသရေ:ဦးစီးဌာနမှူးနှင့် ပြည်သူ့ဆေးရုံအုပ်ကြီးတို့ကလည်းကောင်း၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပလက်ဝမြို့နယ်အတွက် လိုအပ်သော ( 10 Liter ) Permanent Oxygen Concentrator ( ၁၀ ) လုံး၊ Oxygen Concentrator အတွက် မီးအားပြက်တောက်မှု မရှိစေရေးအတွက် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့အတွက် 25 KVA မီးစက် (၁) လုံးစီ စုစုပေါင်း 25 KVA မီးစက် ( ၂ ) လုံး ရရှိရေး ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေ:နှင့်ကုသရေးဗဟိုကော်မတီသို့ တင်ပြရန် ဆွေးနွေးတင်ပြကြရာ တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး “ ပလက်ဝမြို့နယ်အတွက် ( 10 Liter ) Permanent Oxygen Concentrator ( ၁၀ ) လုံး ၊ Oxygen Concentrator အတွက် 25 KVA မီးစက် (၁) လုံး၊ ဆမီးမြို့အတွက် 25 KVA မီးစက် (၁) လုံး စုစုပေါင်း 25 KVA မီးစက် ( ၂ ) လုံးနှင့် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ပလက်ဝမြို့နယ်နှင့် ထန်တလန်မြို့နယ်အတွက် လိုအပ်သော ဆရာဝန် ( ၄ ) ဦး ရရှိနိုင်ရေးတို့ကို ကိုဗစ်−၁၉ ကာကွယ် ထိန်းချုပ်ရေ:နှင့်ကုသရေးဗဟိုကော်မတီသို့ တင်ပြသွားရန် ဆွေးနွေးဆုံးဖြတ်ကြကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက “ ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကြီးများအနေဖြင့် အခက်အခဲများကြားက ယခုလို ကြိုးကြိုးစားစား ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း အားလုံးပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်း ” နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ကောင်စီဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ချင်းပြည်နယ် Coronavirus Disease 2019 ( COVID-19 ) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။