မောင်တော ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နေ့လယ် ၂ နာရီက ကညင်တန်း သားငါးဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းများအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မောင်တောခရိုင်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကညင်တန်း သားငါးဈေးရှိ ဆိုင်ခန်းများ၊ ဈေးအတွင်း/ အပြင် နေရာများ၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး