"ကျောက်တံတားမြို့နယ် ပြည်သူများအတွက် Oxygen အခမဲ့ဖြန့်ဝေရေးအစီအစဉ်"များ ဆောင်ရွက်

ကျောက်တံခါး ဇူလိုင် ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ပြီး မြို့နယ် အောက်စီဂျင်ဖြန့်ဝေရေး အထောက်အကူပြုအဖွဲ့မှ ကျောက်တံတားမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဝေဒနာရှင်များအတွက် လိုအပ်သော အောက်စီဂျင်များကို အမှတ်(၄၀၇/၄၀၉)မဟာဗန္ဓုလမ်း၊ အမှတ်(၃) ရပ်ကွက်တွင် (အခမဲ့) ဖြန့်ဝေပေးမည်ဖြစ်​ကြောင်း သိရသည်။

ဖြန့်ဝေပေးမည့်အချိန်မှာ နံနက် (၉:၃၀)နာရီမှ နေ့လည် (၁၂:၃၀)နာရီထိ၊ ညနေ(၄:၃၀)နာရီမှ ည(၁၂:၀၀)နာရီအထိဖြစ်ပြီး လူနာရှင်တစ်ဦးအတွက် (၁၀)လီတာ (၁)အိုးနှုန်း ဖြည့်သွင်းပေးမည်ဖြစ်ပြီး လူနာရှင်အတွက် အမှန်တကယ်လိုအပ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံချက်နှင့် (၁၀)လီတာအိုး အလွတ်ကို ယူဆောင်လာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

အောက်စီဂျင် လာရောက်ဖြည့်သွင်းသူများကိုလည်း အပူချိန်တိုင်းတာခြင်း၊ အောက်စီဂျင် တိုင်းတာခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်​ကြောင်းသိရသည်။