နောင်တရား ဇူလိုင် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးမြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးဌာန၊ နယ်မြေရဲစခန်းနှင့် ဒေသခံပြည်သူများပူးပေါင်း ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများကို အသိ ပညာပေးဆောင်ရွက်ခြင်း၊ စားသောက်ဆိုင်များကို ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေခြင်း၊ အရေးကြီးစားသောက်ကုန်များနှင့် ဆေးဝါးများကိုသာ ရောင်းချစေပြီး အခြားကုန်စည်များ ရောင်းချခွင့်မပြုခြင်း စသည့် အသိပညာပေး လုပ်ငန်းများ ကို အသံချဲ့စက်ဖြင့် လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်အောင်