သတင်းများ

မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Mask Campaign) လှုပ်ရှားမှု လုပ်ငန်းများ ဆောင်ရွက်
Jan 19,2021
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးဆောင်မှုဖြင့် Physical Fitness Dance ပြိုင်ပွဲ ၀င် အဖွဲ့များနှင့်အတူ ယနေ့တွင် စန်ဘောင်လမ်းဆုံနှင့် ရှစ်လမ်းဆုံ၌ Mask Campaign လှုပ်ရှားမှုလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေး
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ် နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာ ဝန် ပေးအပ်ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
ဉတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 19,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဉတ္တရခရိုင်ရုံးမှ ဉတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက ရွှေနံသာရပ်ကွက်ရှိ “ရွှေနံ့သာ” စာကြည့်တိုက်အတွင်း၌ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲကျင်းပခဲ့သည်။
မတူပီမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အသက်(၁၀၀)ပြည့် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Jan 19,2021
ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အသက်(၁၀၀)ပြည့် ဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွွက် လူမှုရေးပင်စင် ထောက်ပံ့​​ပေးအပ် လျက်ရှိရာ ၅.၁.၂၀၂၁ ရက်နေ့၌ မတူပီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ ၎င်း ၁၅.၁.၂၀၂၁ ရက်နေ့တွင် မတူပီမြို့နယ်ရှိ ဝလံပီးကျေးရွာနှင့် တွီရှစ်ကျေးရွာများ၌ သွားရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက် နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် ကွင်းဆင်းရှင်းလင်းဆွေးနွေး
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ စာသင် ကျောင်းများ၊ ဓမ္မာရုံများနှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် ကွင်းဆင်းရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။
ရွှေကူမြို့နယ် ဝေခူးကျေးရွာ၌ ကျေးရွာခန်းမဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 19,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း တတိယနှစ်စက်ဝန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာခန်းမဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်တွင် ဝေခူးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အောင်မြေသာစံမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊နည်းဥပဒေများနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jan 19,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင်ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်း ဥပဒေများနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းရှိဧသီဒါခန်းမတွင်ကျင်းပရာ မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် တက်ရောက်၍ အဖွင့်အမှာ စကား‌ ပြောကြားသည်။
ထန်းတပင်မြို့နယ်တွင် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Jan 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိသော ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ ၁ ရက်နေ့မှစ၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်တာဝန်ပေး နိုင်ရန် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲ ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပဲပုတ်ကျေးရွာ စိုက်ပျိုး ရေးဆိုင်ရာ လူထုအ‌ခြေပြုစခန်းတွင် ပြုလုပ်ခဲ့သည်။