မင်းလှ (အောက်) ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ် နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာ ဝန် ပေးအပ်ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ ပုဒ်မခွဲ (က)အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ထုတ်ပြန်သော ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရပ်ကွက်/ ကျေးရွာ (၆၆)အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင် သော မြို့နယ်ဦးစီးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများဖြင့် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ (၈)ဖွဲ့ခွဲ ၍ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များမှ သိရှိလိုသည့် အချက် များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၉(က) တွင် “ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး၏ ရာထူသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်” ဟူသော ပြဌာန်းချက် အရ လက်ရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၏ ရာထူးသက်တမ်းသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်ပြီး ရွေးချယ်ခံရသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များကို ဧပြီလ ၁ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင် နိုင်ရေး အတွက် မြို့နယ်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ် ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)