ဉတ္တရသီရိ ဇန်နဝါရီ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဉတ္တရခရိုင်ရုံးမှ ဉတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၁ နာရီက ရွှေနံသာရပ်ကွက်ရှိ “ရွှေနံ့သာ” စာကြည့်တိုက်အတွင်း၌ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ စာကြည့်တိုက် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဉတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းနွယ်က စာကြည့်တိုက် များ ရေရှည် တည်တံ့စွာ လည်ပတ်နိုင်ရေးအတွက် စာအုပ်၊ စာစောင်များ ပိုမိုတိုးပွားအောင် ရရှိနိုင်စေရေးနှင့် ပိုမိုအောင်မြင် အောင် ဆောင်ရွက်နိုင်စေရေး နည်းလမ်း များကို ဆွေးနွေးပြောကြားခဲ့ပြီး နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဦးသိန်းဇော်ထွေးက စာကြည့်တိုက်များ ရေရှည်တည်တံ့ ခိုင်မြဲစေနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် စာကြည့်တိုက်ကော်မတီဝင်များက မိမိတို့ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ကလေးငယ်များအား စာပေလေ့လာ ဖတ်ရှုလာနိုင်စေရန်၊ စာအုပ် စာစောင်နှင့် ပရိဘောဂပစ္စည်းများ တိုးပွား လာစေရန်၊ စာကြည့်တိုက်ပိုမိုအောင်မြင်စေရေး နည်းလမ်းများကို ပြန်လည်ဆွေးနွေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာပေါင်း(၄၉)ရွာ၌ စံညီစာကြည့်တိုက် စုစုပေါင်း (၁၃)တိုက်ရှိကြောင်းသိရပြီး ကျန်ရှိနေသေးသည့် စာကြည့်တိုက်များကိုလည်း ရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)