ကျောက်ကြီးမြို့နယ်တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးအဆင့်ဆင့် ရွေးချယ်ဆောင်ရွက် နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် ကွင်းဆင်းရှင်းလင်းဆွေးနွေး

ကျောက်ကြီး ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်ရှိ စာသင် ကျောင်းများ၊ ဓမ္မာရုံများနှင့် ကျေးရွာ များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေး အဆင့်ဆင့် ရွေးချယ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ သိရှိစေရန် ကွင်းဆင်း ရှင်းလင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းစဉ်များကို ရပ်ကွက်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၄)အုပ်စုကို မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဒေသအလိုက် ကြီးကြပ်ရေးအဖွဲ့(၃)ဖွဲ့ခွဲ၍ ကျေးရွာ များအရောက် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသော ပြည်သူများမှ သိလိုသည့် အချက်များအား မေးမြန်းကြရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ လုပ်ငန်းစဉ်များ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ရာအိမ်မှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။                                                                                                                          

K ခိုင် (ပြန်/ဆက်)