မတူပီ ဇန်နဝါရီ ၁၉
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဦးဆောင်မှုဖြင့် Physical Fitness Dance ပြိုင်ပွဲ ၀င် အဖွဲ့များနှင့်အတူ ယနေ့တွင် စန်ဘောင်လမ်းဆုံနှင့် ရှစ်လမ်းဆုံ၌ Mask Campaign လှုပ်ရှားမှုလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူသွားလူလာများပြားသည့် နေရာများတွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား Mask အခမဲ့ပေးဝေခြင်းနှင့် ဟောင်းနွမ်း Mask တပ်ဆင်သူများအား Mask အသစ်လဲလှယ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှ အမျိုးသားရေး အသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ရွက်လျက်ရှိပြီး၊ မတူပီမြို့တွင်လည်း ဌာနဆိုင်ရာများ၊ Physical Fitness Dance ပြိုင်ပွဲဝင်အဖွဲ့များ နှင့်အတူ လမ်းသွာလမ်းလာ ပြည်သူများအား MASK များ အခမဲ့ဖြန့်ဝေ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် သရုပ်ပြ ကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းများ အသိပေးကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)