မန္တလေး ဇန်နဝါရီ ၁၉
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင်ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းရှိဧသီဒါခန်းမတွင်ကျင်းပရာ မန္တလေး တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန် တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။
ဆက်လက်၍ အောင်မြေသာစံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင် ကရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် မြို့နယ် အုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များအပိုင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ အပိုင်း၊ ကြီးကြပ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များ အပိုင်း၊ ကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် အကြံပြုချက်အပိုင်းတို့ကို PowerPoint ဖြင့်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာမြို့နယ် အုပ်ချုပ်ရေးမှူးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီမင်းဟန်၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဇင်မြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် စာရေးဝန်ထမ်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဇော်လငးဦး(အောင်စံ)