မတူပီမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အသက်(၁၀၀)ပြည့် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

မတူပီ ဇန်နဝါရီ  ၁၉

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့် အသက်(၁၀၀)ပြည့် ဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွွက် လူမှုရေးပင်စင် ထောက်ပံ့​​ပေးအပ် လျက်ရှိရာ ၅.၁.၂၀၂၁ ရက်နေ့၌ မတူပီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံး၌ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်လူမှုဝန်ထမ်းရုံးတို့ ပူးပေါင်း၍ ၎င်း ၁၅.၁.၂၀၂၁ ရက်နေ့တွင် မတူပီမြို့နယ်ရှိ ဝလံပီးကျေးရွာနှင့် တွီရှစ်ကျေးရွာများ၌ သွားရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ၁၈.၁.၂၀၂၁ နေ့တွင် မတူပီမြို့ပေါ်ရှိ အသက်(၁၀၀)ပြည့် ဘိုးဘွားများအတွက် မူလထောက်ပံ့ငွေ ၃၀၀၀၀/-ကျပ်နှင့် အသက်(၁၀၀)ပြည့် ထောက်ပံ့ငွေ ၃၀၀၀၀/-ကျပ် စုစုပေါင်း ၆၀၀၀၀/-ကျပ်အား မြို့ပေါ်ရှိရပ်ကွက်များ ဖြစ်သော လောင်ဗန်း၊ ငလား၊ ခိုဘွေ၊ စန်ဘောင်၊ ရပ်ကွက်များသို့ မြို့နယ်လူမှုဝန်ထမ်းမှ ဦးစီးမှူး ဒေါ်စီစီလျား ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများနှင့်အတူ ကွင်းဆင်း ထောက်ပံ့ခဲ့သည်။

မတူပီမြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် ဘိုးဘွားဦးရေ(၈၈၉)ဦးနှင့် အသက်(၁၀၀)ပြည့် ဘိုးဘွားဦးရေ (၂၀)ဦးရှိပြီး အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ (၁)လလျှင် ၁၀၀၀၀/-နှုန်းဖြင့် (၃)လအတွက် ၃၀၀၀၀/-ကျပ်အား(၃)လတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိကြောင်း မတူပီမြို့နယ် လူမှုဝန်ထမ်းရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)