သတင်းများ

လမိုင်းမြို့ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၁) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်
Jan 21,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ မြို့မ (၂) ရပ်ကွက်တွင် အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်လွဲပိုင်းက အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
တာလေ၌ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား(၂) ဦးကို အသွားအလာကန့်သတ်ထားရှိ
Jan 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မြှင့်မားနေသည့် ရန်ကုန်မြို့မှ တာလေသို့‌ ခေတပြန်လည်ရောက် ရှိလာသူအမျိုးသား(၂)ဦးကို ယမန်နေ့ ညနေပိုင်းက နားယောင်းကျေးရွာအုပ်စု ရန်ကင်း(၁) အမကကျောင်းအတွင်း အသွားအလာကန့်သတ် Quarantine ထားရှိထားကြောင်း သိရသည်။
ဗန်းမော် မြို့နယ်အတွင်း၌ ခွေးရူးရောဂါ ကင်းစင်ပပျောက် နိုင်စေရေးအတွက် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေး
Jan 21,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း၌ ခွေးရူးရောဂါကင်းစင် ပပျောက်နိုင်စေရေးအတွက် ဗန်းမော်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဗန်းမော်မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များသို့ ယမန်နေ့ နံနက် ၈ နာရီခွဲ ခန့်က ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၊ မာန်အောင်ကျေးရွာရှိ ရောဂါဖြစ်ပွားနေသော ဆင်ထီးတစ်ကောင်အား ကွင်းဆင်း ဆေးကုသပေး
Jan 21,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာရှိ ရှားပါးတိရိစ္ဆာန် စာရင်းဝင်ဖြစ်သည့် ရောဂါဖြစ်ပွားနေသော ဆင်ထီးတစ်ကောင်အား ကွင်းဆင်း ဆေးကုသပေး ခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နယ်မြေကွင်းဆင်းပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆေးကုသပေးခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်
Jan 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည် ရွေးချယ်ဆောင်ရွက်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ (၅)ဦး ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၃)ရပ်ကွက် ဝိသုဒ္ဒိ မြို့မကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မတူပီမြို့၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ်ပြင်ဆင်သည့်) နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကျင်းပ
Jan 21,2021
မတူပီခရိုင်၊ မတူပီမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ်ပြင်ဆင်သည့်) နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘုံတလာခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် မြို့နယ် ပုဂ္ဂလိက ရေပေးဝေရေးလုပ်ငန်း (EOI)ပဏာမ စိစစ်ရွေးချယ်ပွဲ ကျင်းပ
Jan 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပုဂ္ဂလိကရေပေးဝေရေးလုပ်ငန်း (EOI)ပဏာမ စိစစ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေနှင့် ဦးစိုင်းလုံ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် ခရိုင်အဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ နမ့်စန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။