မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်
Jan 21,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ် စေ ရေးအတွက် လိုက်လံနှိုးဆော် သတိပေးခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၌ ဆောင်ရွက်နေကြောင်းသိရသည်။