ကိုကိုးကျွန်း ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်၍ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများကို ရပ်ကွက်နေ ပြည်သူများအား အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်မှစ၍ သက်ဆိုင်ရာ ရပ်ကွက်များအလိုက်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ဆွေးနွေးရာတွင် ကိုကိုးကျွန်းမြို့နယ် ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချူပ် ရေးမှူး ဒေါ်မိုးမိုးအေးမှ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊နည်းဥပဒေ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေပါ ကြီးကြပ်ရေး အဖွဲ့တွင် ပါဝင်သည့်ရပ်မိရပ်ဖ(၅)ဦး၏ အရည်အချင်း သတ်မှတ်ချက်များ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး၊ ကျေးရွာ တာဝန်ခံ၊ရာအိမ်မှူး၊ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်း သတ်မှတ်ချက် များ၊ ကြီးကြပ်ရေး အဖွဲ့၏ လုပ်ငန်းတာဝန်များစသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး ဆိုင်ရာ လုပ်ငန်း အဆင့်ဆင့်ကို လက်ကမ်း စာစောင်များ ဖြန့်ဝေပေး၍အသိပညာပေး ရှင်းလင်း ဆွေးနွေးပေးလျက်ရှိကြောင်းသိရသည်၊၊
ကိုကိုးကျွန်းပြန်/ဆက်