မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်

ကော့မှူး ဇန်နဝါရီ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် နိုင်ရေးအတွက် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ် စေ  ရေးအတွက် လိုက်လံနှိုးဆော် သတိပေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၌ ဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းကို မြို့နယ် မီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မင်းဝေနှင့်တပ်ဖွဲ့ဝင်များက အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင် ကာကွယ်ရမည့် ပစ္စည်းများထားရှိမှု၊ လျှပ်စစ်မီး အသုံးပြုရာတွင် သတိထားဆင်ခြင်သင့်သည့် အချက်များ၊ မီးဘေးကြိုတင် ကာကွယ်ရေး အတွက် မီးချိပ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိမှုနှင့် ရုံးအတွင်းမီးသတ်ဆေးဘူးများထားရှိရေးတို့ အား အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက်မြို့သစ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ)ရုံးနှင့် မြို့နယ် ပညာရေးမှူးရုံးတို့တွင် လက်တွေ့ မီးငြိမ်းသတ်နည်း သရုပ်ပြခြင်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)