ဘုရားသုံးဆူ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ ၃ လပတ် အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ၎င်းတို့မှ မွေးဖွားလာသော ၂ နှစ် အောက် ကလေးငယ် များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ယမန်နေ့ နံနက်၁၀နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဘုရားသုံးဆူမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ကြေးငွေ တစ်ဦးလျှင် (၃) သောင်း ကျပ်နှုန်းဖြင့် (၂၃၉) ဦး အတွက် (၇၃၅၀၀၀၀) ကျပ် လည်းကောင်း၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ် တစ်ဦး လျှင် (၄) သောင်းခွဲ နှုန်းဖြင့် (၃၅၉၃) ဦး အတွက် (၁၅၆၀၆၀၀၀၀) ကျပ် လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
အောင်သူဟိန်း (ပြန်/ဆက်)