စဉ့်ကိုင်မြို့နယ် အဝေရာရာမ ရန်ကင်းပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

စဉ့်ကိုင်     ဇန်နဝါရီ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စု၊ မြောက် ကျောက်မိုင်းကျေးရွာရှိ  အဝေရာ ရာမရန်ကင်းပရဟိတဘုန်းတော်ကြီးသင်  ပညာရေးကျောင်းတွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ   အလှူငွေနှင့်လှူဖွယ်စ္စည်းများကို    ယနေ့နံနက် (၈)နာရီက ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့  လှူဒါန်းရာတွင်    နမောတဿသုံးကြိမ်ရွတ်ဆိုပြီး   ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်သွဲ့ဝေသွင်နှင့် စဉ့်ကိုင်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်းတို့မှ အလှူငွေကျပ်(၃၀၀၀၀ဝိ/−)နှင့်လှူဖွယ်ပစ္စည်းများကို  အဝေရာ ရာမရန်ကင်း ကျောင်းတိုက် ဆရာတော် အရှင်အာ​လောကအား ဆက်ကပ်လှူဒါန်းခဲ့ရာ ဆရာတော်မှ ရေစက်ချ အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ  လှူဒါန်းခဲ့ ကြောင်းသိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင် ပြန်/ဆက်)