မြောင်းမြ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် သမဝါယမအသင်းစုမှ မြောင်းမြမြို့တွင်း နွေစပါးမျိုးသန့် စိုက်နွေစပါး မျိုးသန့် စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ် နိုင်စေရန် ရည်ရွယ်၍ စတုတ္ထအကြိမ် ပံ့ပိုးချေးငွေ ထုတ်ချေးခြင်းကို ယမန့်နေ့ နေ့လယ်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေများကို မြောင်းမြမြို့တွင်း မီးသွေးချောင်း၊ တောင်ကလေး၊ ဘုရားချောင်း၊ တဲ့တဲ့ကူး၊ သပြေချောင်၊ ဓနုံးချောင်းနှင့် ကွယ်လွယ်ကျေးရွာများရှိ မြ မျိုးသန့်မျိုးစေ့ထုတ် သမဝါယမ အသင်းသား(၃၂)ဦးအား ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း၊ နွေစပါး မျိုးသန့် စိုက်ပျိုးရန်အတွက် တစ်ဧကလျှင် (၃)သိန်နှုန်းဖြင့် (၁၁၃) ဧကအတွက် ချေးငွေပေါင်း (၃၃၉)သိန်း ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာညွန့်၏ ပြောကြားချက်အရ သိရသည်။
စန္ဒာကြည်(ခရိုင်ပြန်/ဆက်)