မီးဘေးကြိုတင် ကာကွယ်ရေး ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာ၌ တစ်အိမ်တက်ဆင်း အသိပညာပေး လုပ်ငန်းဆောင်ရွက်

ဖလမ်း  ဇန်နဝါရီ  ၂၇

ဖလမ်းမြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဘွေ့ခင် ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်များသည် မီးဘေးကြိုတင် ကာကွယ်ရေး တစ်အိမ်တက်ဆင်း အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ လိုက်နာရန်အတွက် ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ ဖြစ်သည့် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးနှင့် လှေကားများ ထားရှိရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ် ဝါယာကြိုးများ အသုံးမပြုရန်၊ လျှပ်စစ်မီးများ အသုံးပြုပြီးပါက မီးခလုတ်ပိတ်ထားရန်၊ ချက်ပြုတ်ပြီးချိန်တွင် မီးဖိုမီးကြွင်း မီးကျန်များ မကျန်ရှိစေရေး အထူးသတိပြု ဆောင်ရွက်ရန်၊ မိမိနေအိမ်နှင့် ပတ်ဝန်းကျင်များတွင် မီးလောင်လွယ်သော လောင်စာပစ္စည်းများ မသိုလှောင်ရန်၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်စခန်းသို့ ချက်ချင်းသတင်းပို့ ဆောင်ရွက်ရန် တစ်အိမ်တက်ဆင်း အသိပညာပေးခဲ့ကြောင်း သိရသည်။

ဂျွန်