လေးမျက်နှာမြို့နယ်တွင် (CERP)အစီအစဉ်ဖြင့် ငါးမွေးတောင်သူများထံ ထောက်ပံ့သည့်ငါးများ ကြီးထွားမှုရှိ /မရှိ ကွင်းဆင်း စစ်ဆေး

လေးမျက်နှာ  ဇန်နဝါရီ   ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများသည် နိုင်ငံတော် အစိုးရမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးပြန်လည်ကုစားမှု အစီစဉ် (CERP)ဖြင့်  ငါးမွေးတောင်သူများထံ ထောက်ပံ့ပေးသည့်ငါးသားပေါက်များကြီး ထွားမှုရှိ/မရှိကိုယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကိုမြို့ နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့အောင်နှင့် ဝန်ထမ်းများကငါး မွေးတောင်သူများ၏ ငါးမွေးကန်များသို့သွားရောက်ပြီး (CERP)အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည့် ငါးများရှင်သန် ကြီးထွားမှုရှိ/ မရှိနှင့် ငါးမွေးတောင်သူများ အကျိုးထိ‌ရောက်မှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေးခြင်း၊ စုတ်ခွက်ငါးများ တွေ့ရှိပါကအသားစားငါးဖြစ်သည့်အတွက်တိုင်းရင်းငါးများ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရေး သုတ်သင်ရှင်းလင်းကြရန် အသိပညာပေး ဆွေးနွေးခဲ့သည်။

လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိ ခိုက်ခဲ့ရသည့် ငါးမွေးတောင်သူများ၏ ငါး‌မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင် လာစေရန် ရည်ရွယ်၍နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးပြန်လည်ကု စားမှုအစီစဉ် (CERP)ဖြင့် မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ ၆ဦးတို့ထံသို့ ငါးသားပေါက်ကောင်ရေ ၇၆၅၆၀ကောင်တို့အား (၂၀၂၀ခုနှစ်၊စက်တင်ဘာလ)က ပေးအပ်ထောက်ပံ့ ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးမှသိရသည်။

ဝေဝေ(လေးမျက်နှာ)