သတင်းများ

မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည်ရွေးချယ်ရန် ရပ်မိ/ရပ်ဖ(၅)ဦးပါဝင်သောကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေး
Jan 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည်ရွေးချယ်ရန် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ(၆)အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများကို မြို့နယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဇန်နဝါရီ (၂၃)ရက်နေ့မှ ဇန်နဝါရီ (၃၁)ရက်နေ့အထိ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရပ်ကွက်(၂၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုကြီး (၅)စု၊ ကျေးရွာပေါင်း(၂၀)တို့တွင် ရပ်မိ/ရပ်ဖ(၅)ဦး ပါဝင်သော ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းပေးသွားမည်ဟု သိရသည်။
နယ်စပ်မှ အဝင်နည်းသဖြင့် ကြက်သွန်ဖြူ ဈေးတက်
Jan 27,2021
ယခင်က တရုတ်ကြက်သွန်ဖြူ တစ်ပိသာလျှင် ၁၂၀၀ကျပ်ရှိရာမှ ယခုအခါ တစ်ပိသာလျှင် ၂၁၅၀ထိ ၃လအတွင်း ဈေးများမြင့်တက်လာကြောင်း၊ ရှမ်းကြက်သွန်ဖြူပေါ်ခါစတွင် တစ်ပိသာလျှင် ၁၂၀၀ကျပ် ဝန်းကျင်ရှိရာမှ ယခုအခါ တစ်ပိသာလျှင် ၂၀၀၀ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်လာကြောင်း၊ ဗမာကြက်သွန်ဖြူတစ်ပိသာလျှင် ၃၀၀၀ကျပ်ဝန်းကျင်ရှိကြောင်း ၊ ဗမာကြက်သွန်ဖြူ၊ ရှမ်းကြက်သွန်ဖြူနှင့် တရုတ်ကြက်သွန်ဖြူများ ဈေးတက်နေကြောင်း ကြက်သွန်ဖြူရောင်းသည့် ပွဲရုံများထံမှ သိရသည်။
ကော့မှူးတွင် လူထုအခြေပြု အဝါရောင် Mask Campaign ပြုလုပ်၍ အသိပညာပေး
Jan 27,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် နေအိမ်ပြင်ပထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်စေရန် ရည်ရွယ်၍ လူထုအခြေပြု အကောင်အထည်ဖော် စီမံချက်အရ အဝါရောင် Mask Campaign ကို ယနေ့ နံနက်က လမ်းဆုံ လမ်းခွများနှင့် မြို့မဈေးကြီးအတွင်း ဆောင်ရွက်နေကြောင်း သိရသည်။
ဟိုပင်၌ Covid-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး လူဦးရေစာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်
Jan 27,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် Covid-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် သိရှိရမည့် ဥပဒေ၊ နည်းဥပဒေနှင့် ရွေးချယ်မှု လုပ်ငန်းစဉ်များအား ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့များမှ ကွင်းဆင်းအသိပညာ ပေးခြင်းဆောင်ရွက်
Jan 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ ရွေးချယ်မှုနှင့် ပတ်သက်ပြီး ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများအား ပြည်သူများ သိရှိနိုင်ရန်နှင့် ရွေးချယ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဌာနဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့(၈) ဖွဲ့မှ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ကွင်းဆင်း၍ အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့မပိုင်းရပ်ကွက် အရှေ့ကျောင်းကြီးတိုက် သာသနာ့ဗိမာန် ဓမ္မာရုံတော်ကြီး တွင် ကြီးကြပ်ရေးအဖွဲ့ (၁) မှ ရပ်ကွက်နေပြည်သူများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူတို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jan 27,2021
ပြည်သူများလူကုန်ကူးခံရမှုမရှိစေရန်၊ လူကုန်ကူးမှုအကြောင်းအရာများကိုသိရှိပြီး ရှောင်ရှားနိုင်စေရန်အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းရဲလမ်းဆုံ၌ ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်း
Jan 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နားဟုတ်၊ နားငွေး၊ မန်ကတ်၊ မိုင်းပတ်ကျေးရွာအုပ်စုများ၌ ကျင်းပခဲ့သည်။