မင်္ဂလာဒုံ ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ပြန်လည်ရွေးချယ်ရန် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ(၆)အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများကို မြို့နယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဇန်နဝါရီ (၂၃)ရက်နေ့မှ ဇန်နဝါရီ (၃၁)ရက်နေ့အထိ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ ရပ်ကွက်(၂၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စုကြီး (၅)စု၊ ကျေးရွာပေါင်း(၂၀)တို့တွင် ရပ်မိ/ရပ်ဖ(၅)ဦး ပါဝင်သော ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းပေးသွားမည်ဟု သိရသည်။
ဇန်နဝါရီ(၂၃)ရက်နေ့မှ (၂၆)ရက်နေ့အထိ ရွေးချယ်ပြီးသော ရပ်ကွက်များမှာ ပစံပြရပ်ကွက်၊ ဧကရာဇ်ရပ် ကွက်၊ ပြည်တော်သာရပ်ကွက်၊ တပ်မတော်စံပြရပ်ကွက်၊ ပြန်လည်နေရာချထားရေး ရပ်ကွက်၊ ချစ်တီးကုန်း ရပ်ကွက်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ စမ်းကြီးဝရပ်ကွက် တို့တွင်နေထိုင်သူ များမှ ရွေးချယ်ပေးသော ယင်းတာဝန်ကိုထမ်းဆောင်ရန် ဆန္ဒရှိသည့်ရပ်မိ/ရပ်ဖ (၅)ဦးပါဝင်သော ကြီးကြပ်ရေး အဖွဲ့တို့ကို ရွေးချယ်ပေးခဲ့ကြောင်း သိရ သည်။
မျိုးသန့်(ပြန်/ဆက်)