တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်း

တန့်ယန်း  ဇန်နဝါရီ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ချပြရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နားဟုတ်၊ နားငွေး၊ မန်ကတ်၊ မိုင်းပတ်ကျေးရွာအုပ်စုများ၌ ကျင်းပခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့မှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ရွှေ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးစိုင်းထွန်းကျော်နှင့် အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ပြန်လည်ရွေးချယ်ရာတွင် ဆောင်ရွက်ရန်အတွက် ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေနှင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းထားသည့် နည်းဥပဒေများကို ချပြရှင်းလင်း ဆွေးနွေးပေးခဲ့ပြီး ကျေးရွာများမှ ရပ်မိရပ်ဖများ၏ သိရှိလိုသည့် အချက်အလက်များကို အသေးစိတ် ရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)