ကော့မှူးတွင် လူထုအခြေပြု အဝါရောင် Mask Campaign ပြုလုပ်၍ အသိပညာပေး

ကော့မှူး ဇန်နဝါရီ ၂၇

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် နေအိမ်ပြင်ပထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်စေရန် ရည်ရွယ်၍ လူထုအခြေပြု အကောင်အထည်ဖော် စီမံချက်အရ အဝါရောင် Mask Campaign ကို ယနေ့ နံနက်က လမ်းဆုံ လမ်းခွများနှင့် မြို့မဈေးကြီးအတွင်း ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါအဝါရောင် Yellow Stop Covid-19 Campaign ဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ Stop Covid-19 အဝါရောင် Campaign အား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကော့မှူး မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်‌ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီဝင်များက မြို့နယ်အတွင်း ဖြတ်သန်းသွား လာကြသော ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နေ့စဉ်နေအိမ် ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်း မရှိသူများအား နှာခေါင်းစည်း Mask များ အခမဲ့ အသိပညာပေး ခြင်းများအား နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သူရ ကော့မှူး