ဟိုပင် ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် Covid-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပင်မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုရှိ အသက် ၁၈ နှစ်နှင့်အထက် သတ်မှတ် ထားသည့် ဦးစားပေး အုပ်စုများအလိုက် Covid-19 ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကျေးစာရေးများ၊ ရာအိမ်မှူးများနှင့် ဆရာ၊ ဆရာမများက ရပ်ကွက်ရုံး များနှင့် ရပ်ကွက်အတွင်းသို့ လှည့်လည်၍ လူဦးရေစာရင်းများ ကောက်ယူလျက်ရှိပြီး ထိုသို့ ကောက်ယူခြင်းကို ဇန်နဝါရီလကုန်အထိ အပြီးသတ် ကောက်ယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလူဦးရေစာရင်းကောက်ယူရာတွင် “ Covid-19 ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် နိုင်ငံတော်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ပြည့်မီတဲ့ နိုင်ငံသားတိုင်း မထိုးရတဲ့သူမရှိအောင် စာရင်းကို သေချာစီစစ် ကောက်ယူ နေကြောင်း” တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
တိုးတိုးမေ−ဟိုပင်