သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်‌ရာတွင် ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 27,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ
Jan 27,2021
ညောင်လေးပင်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားများ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် အထူးအလေးထား ဆောင်ရွက်
Jan 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တာမွေမြို့နယ် တာမွေကြီး(ခ)ရပ်ကွက်ရှိ တာမွေစျေးဟောင်း လမ်းတစ်လျှောက်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် 6.6kV ဓာတ်အားလိုင်းအသစ် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လွိုင်ကော်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ
Jan 27,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ  ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ် ပြည်သူ့ဆေးရုံးကြီး၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပြည်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံပေး
Jan 27,2021
ပြည်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း များအား စုရပ်နှစ်ခုတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆောင်ရွက်
Jan 27,2021
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကယားပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၃၁၅)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံပေး
Jan 27,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် လယ်ဝေးမြို့ ခုတင်(၁၀၀)ဆေးရုံ၌ ယနေ့ နံနက်(၉)နာရီတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ရန်ကင်းမြို့နယ်တွင် Mask မတပ်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းနှင့် Mask Campaign ဆောင်ရွက်
Jan 27,2021
ရန်ကုန်​အရှေ့ပိုင်းခရိုင် ၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေး Mask Campaign များ၊ အသိပညာပေး လုပ်ငန်းများ၊ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များကို လိုက်နာခြင်းမရှိသူများကို အရေးယူခြင်းစသော ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်ကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။