ပြည်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံပေး

ပြည် ဇန်နဝါရီ ၂၇

ပြည်မြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်း များအား စုရပ်နှစ်ခုတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်မြို့ရှိ ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနနှင့် FDA မှ ဝန်ထမ်းများ စုစုပေါင်း (၂၆၃)ဦးအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမနှင့် ဒေသန္တရ ကျန်းမာရေးဌာန စုရပ်(၂)ခုတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) စတင်ထိုးနှံ ပေးခြင်းဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)