ညောင်လေးပင်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

ညောင်လေးပင် ဇန်နဝါရီ ၂၇

ညောင်လေးပင်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

"ညောင်လေးပင်မြို့နယ်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၂၄၇ ဦး၊ တိုင်းရင်းဆေးရုံနဲ့ အားကာဦးစီးဌာနက ၁၀ ဦး စုစုပေါင်း ၂၅၇ ဦးကို ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးပေးသွားမှာပါ။ အခုမနက်ပိုင်း ထိ ၁၃၀ ဦး ထိုးပြီးသွားပါပြီး။ အဲ့ဒီထဲမှာ လေးယောက်ပဲ မူးဝေတာဖြစ်ခဲ့ပြီး တခြားဆိုးဆိုးဝါးဝါးတော့ မရှိပါဘူး" ဟု မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးက ပြောသည်။

ယခုကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများသည် နောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံ ထိုးရမည်ဖြစ်‌ကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)