သတင်းများ

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရာတွင် ပါဝင်လှူဒါန်းနိုင်ရေး အစည်းအဝေးကျင်းပ
Jan 29,2021
နိုင်ငံတော်က ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာတွင် အထောက်အကူပြု လှူဒါန်းနိုင်ရေးအတွက် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်း အချိန်က မြို့လယ်အန္တရာယ် ကင်းဘုရားတွင် ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ အစည်းအဝေးကျင်းပခဲ့သည်။
ဘောဂလိမြို့ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း
Jan 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ် ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘောဂလိမြို့ ၊ ချောင်းမငယ်ကျေးရွာအုပ်စု ၊ လွန်ဘူး ကျေးရွာ တွင် ဆောင်ရွက် ခဲ့သည်။
ကျိုက်မ​ရောမြို့နယ်အတွင်းရှိ စက်သုံးဆီအ​ရောင်းဆိုင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေး အတွက် မီးငြှိမ်းသတ်နည်း လက်​တွေ့သရုပ်ပြ
Jan 29,2021
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ် အတွင်းရှိ စက်သုံးဆီအ​ရောင်းဆိုင်များ မီး​ဘေး အန္တရာယ် ကြိုတင်ကာကွယ်​ရေးလုပ်ငန်းများ​ ဆောင်ရွက်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကဒါ​ကျေးရွာ​၊ တောင်က​လေး​ကျေးရွာ၊ လှကဇိုင်း​ကျေးရွာများရှိ စက်သုံးဆီဆိုင် (၄) ဆိုင်အား မီး​ဘေးအန္တရာယ် လုံခြုံ​ရေးအတွက် အ​ထောက်အကူပြု ပစ္စည်းများ ထားရှိမှုများကို ယ​နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်​ဆေးကြပြီး မီး​ဘေးအန္တရာယ်ကြုံ လာပါက အမြန်ဆုံး မီးငြိမ်းသတ်နိုင်ရန် အ​ရေး​ပေါ် မီးငြိမ်းသတ်နည်းများကို လက်​တွေ့သရုပ်ပြ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ရွာငံဒေသတွင်း သဘာဝအရင်းအမြစ်များကို အခြေခံ၍ စိုက်ပျိုးစီးပွားနှင့် ခရီးသွားလာမှုများ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမည်
Jan 29,2021
တိုးတက်လာသော လူဘောင်လောကတွင် ခရီးသွားခြင်း လုပ်ငန်းသည်လည်း လူအများ ပိုမိုစိတ်ဝင်စားလာကြပြီး ကျယ်ပြန့်လာသည်။ အလည်အပတ်ခရီးသွားခြင်း လုပ်ငန်းများတွင် နိုင်ငံခြားသား ဧည့်သည်များဖြစ်စေ၊ နိုင်ငံတွင်း၊ ဒေသတွင်း ဧည့်သည်များဖြစ်စေ သွား ရောက် လည်ပတ်သူတို့၏ စိတ်အသွင်ကို အေးမြလန်းဆန်းစေပြီး ကြည်နူးမှုအစုံကို ရရှိခံစားနိုင်စေသည့် တန်းခိုးကြီး စေတီပုထိုးများ သာယာလှပသည့် ရှုခင်းအလှများ၊ ထင်ရှားကျော်ကြားသော နေရာဒေသ အသီးသီးသို့ သွားရောက်လည်ပတ်နေကြလေ့ရှိသည်။
ဟားခါး၌ လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီအစဉ်အရ ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစမှ(၂)နှစ်ထိ ကလေးများအား သုံးလစာစုပေါင်း ထောက်ပံ့ပေးအပ်
Jan 29,2021
လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး အစီအစဉ်အရ ထောက်ပံ့ပေးသည့် ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂) အောက်ကလေးများအား ငွေကြေးထောက်ပံ့ပေးမှု (Maternal and Child Cash Transfer-MCCT) ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးစမှ(၂)နှစ် ထိကလေးများအား ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်‌၏ ပထမသုံးလပတ်( အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် ထောက်ပံ့ကြေးများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှု​ရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 29,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အား ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မဘိမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်
Jan 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁ဝ နာရီအ ချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တမူးမြို့၊ မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း (Mask) နှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jan 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဉ်သွားလာနေသော စျေးရောင်း၊ စျေးဝယ်သူများအား နှာခေါင်းစည်း (Mask) များနှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။