ကျိုက်မရော ဇန်န ဝါရီ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကဒါကျေးရွာ၊ တောင်ကလေးကျေးရွာ၊ လှကဇိုင်းကျေးရွာများရှိ စက်သုံးဆီဆိုင် (၄) ဆိုင်အား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အထောက်အကူပြု ပစ္စည်းများ ထားရှိမှုများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးကြပြီး မီးဘေးအန္တရာယ်ကြုံ လာပါက အမြန်ဆုံး မီးငြိမ်းသတ်နိုင်ရန် အရေးပေါ် မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ် ဦးစီးက အရေးပေါ်မီးငြိမ်းသတ်ပိုက်များ ရေလှောင်ကန်များတွင် အမြဲရေအပြည့်ရှိစေရန် စစ်ဆေး အကြံပြုခဲ့သည်။ ထို့နောက် ကျွန်းရွာရှိ မင်းသန့်စက်သုံးဆီ ဆိုင်အမှတ်၃နှင့်အမှတ်၄ဆိုင်၊ ကဒါ ကျေးရွာရှိ ညိုညိုအောင်စက်သုံးဆီဆိုင်နှင့် တောင်ကလေးကျေးရွာရှိ မြင့်မြတ်ကျော် ဆီဆိုင် များသို့မီးဘေးအန္တရာယ်လုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကာ မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြပေးခဲ့ကြောင်းမြို့နယ် မီးသတ် ဦးစီးမှူးဦးသန်းထိုက် ထံမှသိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)