ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရာတွင် ပါဝင်လှူဒါန်းနိုင်ရေး အစည်းအဝေးကျင်းပ

သဲကုန်း ဇန်နဝါရီ ၂၉

နိုင်ငံတော်က ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာတွင် အထောက်အကူပြု လှူဒါန်းနိုင်ရေး အတွက် သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်း အချိန်က မြို့လယ်အန္တရာယ် ကင်းဘုရားတွင် ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍ အစည်းအဝေးကျင်းပခဲ့သည်။

အစည်အဝေးတွင် ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်မှ အစည်းအဝေး ခေါ်ယူကျင်းပရသည့် အကြောင်းအား ရှင်းလင်း ပြောကြားခြင်း၊ ပုတီးကုန်းမြို့ ဆေးရုံဆရာဝန်ကြီး ဦးကျော်မျိုးဟိန်းက ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်း များအား ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများက အကြံပြု ဆွေးနွေးခဲ့ကြကာ ပုတီးကုန်းမြို့ အလှူငွေ ကောက်ခံရေးကော်မတီအား ဖွဲ့စည်း ခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် ပုတီးကုန်းမြို့မှ စေတနာရှင်အလှူရှင်များမှ အလှူငွေ (၁၆၁၀၀၀၀)ကျပ်အား အသီးသီး ပေးအပ်လှူဒါန်း ခဲ့ကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံခဲ့ကြကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)