ဇီးကုန်းမြို့နယ်တွင် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ဇီးကုန်း ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များတွင် အထောက်ကူပြုစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် Mask Campaign ကို ယနေ့ နံနက် ၈ နာရီခွဲက ရန်ကုန်-ပြည်ကားလမ်းမ လမ်းဆုံမီးပွိုင့်နေရာတွင် ပြုလုပ်ခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မိုး ဦးဆောင်၍ ပြန်/ဆက်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း အဖွဲ့များ ပူးပေါင်း၍ နေအိမ် ပြင်ပသို့ ထွက်ခွာလာသူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာမှု ရှိ/မရှိကို စစ်ဆေး၍ နှာခေါင်းစည်း မပါရှိသူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် လူအသွားအလာများ သော ဈေးပတ်ဝန်းကျင်နှင့် လမ်းဆုံနေရာများတွင် စစ်ဆေးဆောင်ရွက်ခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ်ပြု လုပ်လျက်ရှိပြီး  နှာခေါင်းစည်း မတပ်ဆင်သူများကို အသိပညာ ပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း(၂၅၀)ခုကို အခမဲ့ပေးဝေကာ ပြည်သူများအားလုံး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွင် အတူတကွ ပူးပေါင်းပါဝင်စေလိုကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)