မချမ်းဘော့ ဇန်နဝါရီ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခန့်ကမချမ်းဘော့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဇန်နဝါရီ ၂၈ ရက်နေ့နံနက်ပိုင်းတွင် မချမ်းဘော့မြို့နယ်ဆေးရုံသို့ ရောက်ရှိပြီး ယင်းနေ့တွင် မချမ်းဘော့မြို့နယ် ကျန်းမားရေးနှင့်ကုသရေးဝန်ထမ်း (၅၀) ဦးခန့်ကို ပထမဆုံးအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ယင်းကာကွယ်ဆေး ထိုးနှံထားသူများသည့် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင်ဒုတိယအကြိမ် ပြန်လည်ထိုးနှံရမည်ဖြစ်ကြောင်း ၊ တစ်ဦးလျှင်ကာကွယ်ဆေး နှစ်ကြိမ် ထိုးရမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက ပြည်သူ့များအား စတင်ထိုးနှံသွားမည်ဖြစ်ကြောင်း မချမ်းဘော့မြို့နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာမိုးရာဇာထံမှ သိရသည်။
ခွန်လင်းဦး (ပြန်/ဆက်)