သာကေတ ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ သိန်းထွန်းက ကိုဗစ်-၁၉ ကာကွယ်ရေးကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီစနစ်တကျ နေထိုင်သွားကြရန် လိုအပ် ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း (၅၅)ဦးရှိရာမှ ပထမအသုတ် အနေဖြင့် အယောက်(၃၀)ဦးတို့အား စတင်ထိုးနှံပေးခဲ့သည်။
ယနေ့ထိုးနှံပေးသော ကာကွယ်ဆေးသည် တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တပတ်(၄)ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံ ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနှံပေးခြင်းဖြစ် ကြောင်း သိရသည်။
ကိုဘုန်း(ပြန်ဆက်)