တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား အဆင်ပြေစေရန် အားဆေးနှင့် မုန့်များ ထောက်ပံ့လှူဒါန်း

တောင်ဥက္ကလာပ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား အဆင်ပြေစေရန်အတွက် အားဆေးနှင့် မုန့်များကို ယမန်နေ့ နံနက်ပိုင်းအချိန်က ထောက်ပံ့လှူဒါန်းခဲ့ကြသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထွေးသီတာ နှင့် အသင်းဝင်များမှ ကိုယ်ဝန်ဆောင်မိခင်များအား အားဆေးများ၊ ကြက်ဥများ၊ မုန့်များ လှူဒါန်းခဲ့ပြီး အသင်းပိုင် သားဖွားဆရာမကလည်း ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ဆိုင်သော ကျန်းမာရေးအသိပညာများ ဝေမျှပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် အသင်းပိုင် သားဖွား ဆရာမများကလည်း ပူးပေါင်းပါဝင်၍ ကျန်းမာရေးစောင့်ရှောက်မှုများကို အတူတကွ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ဝင်းထက်ထက်အောင်