မိုင်းနောင် ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ထောက်ပံ့ငွေ များကို ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပြည်သူများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အသီးသီးသို့သွား ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ သွားရောက်ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများသည် မိုင်းနောင်မြို့အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂) အုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၆၁၉)အုပ်စုအား အိမ်ထောင် တစ်စုလျှင် ငွေ ( ၂၀၀၀၀ ) ကျပ်နှုန်းဖြင ့်စုစုပေါင်းတန်ဘိုးငွေ(၁၂၃၈၀၀၀၀/−) ကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မိုင်းနောင် (ပြန်/ဆက်)