ရန်ကုန် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း တပ်ဆင်စေရေး အဝါရောင် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈) နာရီ အချိန်က တညင်းကုန်းဈေးတွင် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ ဈေးတာဝန်ခံ များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်းချသူ များနှင့် ဈေးဝယ်လာသူများကို နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Stop ကိုဗစ်-၁၉ ပြက္ခဒိန်များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဗီနိုင်းများ ကပ်ခြင်းစသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများကိုလည်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ အသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)