ပန်း​တောင်းမြို့နယ် ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး အသိပညာ​ပေး ရှင်းလင်းခြင်း အခမ်းအနားပြုလုပ်

ပန်းတောင်း ဇန်နဝါရီ ၂၉

ပန်း​တောင်း​​​မြို့နယ် ရပ်ကွက်/အုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရေး အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို သရက်လိန်အုပ်စု ကရင်စုကျေးရွာ ရန်အောင်မြင်ကျောင်းတိုက်၊ သဒ္ဓမ္မသုခကာရီဗိမာန်တော်ကြီး အတွင်း၌ ယမန်နေ့ နေ့လယ်ပိုင်း က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

​မြေစာရင်းဦးစီးဌာနမှ ဦးမြင့်သူ ခေါင်းဆောင်သော အဖွဲ့သည် ရပ်ကွက်၊ ကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောလျက်ရှိကြောင်း သိရသည်။

ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းစဉ် Your Right! Your Choice! "သင့်အခွင့်အရေး သင်ရွေးချယ်ပေး" လက်ကမ်းစာစောင်ပါ ဖော်ပြသည့် နည်းဥပဒေများအား အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များအား ဝေငှခဲ့ကြောင်း သိရှိရ သည်။

ယင်းနောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုကိုယ်စား လှယ်များ၊ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)