ဟားခါး ဇန်နဝါရီ ၂၉
ချင်းပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာဂျိုးဇက်ဗန်ဘွေအုပ် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ယနေ့နံနက် ၉နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ပြည်တော်သာရပ်ကွက်ရှိ ဆေးဝါး အရောင်းဆိုင်များ ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် စားသောက်ကုန်အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ရောင်းချရန်မသင့်သော သက်တမ်းလွန်ဆေးဝါးများ၊အစား အသောက်နှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဆေးဆိုင်များအတွင်း ရောင်းချလျက်ရှိသော စစ်ဆေးတွေ့ရှိသည့် သက်တမ်းလွန်များကို သိမ်းဆည်း ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပူးပေါင်းကော်မတီအဖွဲ့တွင် ပါဝင်သည့် မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဉီးစီးဌာန ၊ မြို့နယ်စည်ပင် ၊ မြို့နယ်စားသုံးသူရေးရာဉီးစီးဌာန၊ တိုင်းရင်းဆေးဌာနနှင့် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနတို့သည် ဟားခါးမြို့အတွင်းရှိ ဆေးဆိုင်များမှ သိမ်းဆည်းရမိသည့် သက်တမ်းလွန် ဆေးဝါးများနှင့် သက်တမ်းလွန်စားသောက် ကုန်ပစ္စည်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ကြောင်းသိရှိရ သည်။
ဟားခါးမြို့ပြည်တော်သာရပ်ကွက်ရှိ စားသောက်ကုန်အရောင်းဆိုင်(၁၈)ဆိုင်၊ ဆေးဝါး အရောင်းဆိုင်(၈)ဆိုင်နှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်(၁၀)ဆိုင်တို့ကို စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ စစ်ဆေးခြင်းများကို တစ်လ(၁)ကြိမ်နှုန်း ဆက်လက်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း၊ ခရိုင်(ပြန်/ဆက်)