ပခုက္ကူမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်(၁၂)သိန်းလှူဒါန်း

ပခုက္ကူ  ဇန်နဝါရီ ၂၉

ပခုက္ကူမြို့နယ် Pact Global Microfinance Fund မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ပခုက္ကူမြို့၊ အထောက်အကူပြု လုပ်ငန်းကော်မတီထံ ငွေကျပ် ၁၂ သိန်း ပေးအပ်လှူဒါန်းသည်။

ရှေဦးစွာ ပခုက္ကူမြို့နယ် Pact Global Microfinance Fund မန်နေဂျာ ဒေါ်တင်တင်ခိုင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေး အလှူငွေ ၁၂သိန်းကို ပေးအပ်လှူဒါန်းရာ ပခုက္ကူမြို့၊ ကိုဗစ်-၁၉ အထောက်အကူပြုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးခိုင်ထွန်းဇော်နှင့် ကော်မတီဝင်များက လက်ခံရယူပြီး ဂုဏ်ပြုလွှာပြန်လည် ပေးအပ်ကြသည်။

 “ယခုလက်ရှိအချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံ၌  ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ကျန်းမာ ရေးဝန်ထမ်းများနှင့်အစိုးရဝန်ထမ်းတစ်ချို့ စတင်ထိုးနှံနေကြပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် အစိုးရဝန်ထမ်းများနှင့် ပြည်သူများ ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးဝယ်ယူနိုင်ရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန်ပုံငွေ(နေပြည်တော်) ထံ ပူးပေါင်းလှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ယခင်ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်း များအတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင်း” ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ် Pact Global Microfinance Fund မန်နေဂျာ ဒေါ်တင်တင်ခိုင်က ပြောသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)