နတ်တလင်း ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ အဘိုးအဘွားများအား ယနေ့ နံနက် ၈ နာရီတွင် လစဉ်ထောက်ပံ့ပစ္စည်း၊ အလှူငွေများ လှူဒါန်းကြောင်း သိရသည်။
အဆိုပါလှူဒါန်းရာတွင် အမှန်တကယ် ဆင်းရဲသော အဘိုးအဘွားများ၊ သားထောက်သမီးခံမရှိသော အဘိုးအဘွား များကို လစဉ်လှူဒါန်းကြောင်း သိရသည်။ အဘိုးအဘွား(၁)ဦးလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ အိုဗာတင်း အထုပ်သေး ၅ ထုပ်နှင့် ငွေသား တစ်သောင်းကျပ်စီဖြင့် အဘိုးအဘွား (၁၅)ဦး၏ နေအိမ်များသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထားထားဦး (နတ်တလင်း)