ကွမ်းလုံ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် သံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင် Quarantine Centre မှ တရုတ်နိုင်ငံသား(၁)ဦးသည် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရာ ၎င်း Quarantine Centre ရှိ တရုတ်နိုင်ငံသား (၄၄)ဦးနှင့် မြန်မာအလုပ်သမား (၁၄)ဦးအား RDT နည်းဖြင့် ယမန်နေ့က စစ်ဆေးခဲ့ရာ ပိုးမတွေ့ရှိ ကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်အတွင်းရှိ Quarantine Centre များမှ အသွားအလာ ကန့်သတ်ထားသူ (၇၁) ဦးအား ဇန်နဝါရီ ၃၀ ရက်နေ့တွင် Swab နာမူနာရယူ၍ မူဆယ်အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)