တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာပေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) အွန်လိုင်းမှ ဆောင်ရွက်

တာချီလိတ် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့  ပူးပေါင်း၍ စာပေဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစံသိန်း (မောင်ဖိုးစံ-ဒူးယား)မှ မိတ်ဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ်ကာလ မိမိကိုယ်တိုင် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်မှန်များကို အခြေခံပြီး ဆောင်းပါး စာပေများအဖြစ် ရေးသားခဲ့သော ဇတ်လမ်းတိုလေးများမှ "ကြုံဆုံခဲ့သမျှသူတို့ဘဝ" ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းနာယာက ဒေါက်တာမြင့်အောင်(မောင်မြန်မာ)က ကျန်းမာရေးနှင့် လူ့ဘဝသက်တမ်းများ အကြောင်း ကော်လံဖြူနှင့် ကော်လံပြာတို့ကို နှိုင်းယှဉ်ပြသော "ကော်လံဖြူ ရောဂါထူ" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း ပြုလုပ်ခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲသို့ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ ဒုတိယဦးစီးမှူးများနှင့် စာပေဝါသနာရှင်များ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)