နောင်ချိုမြို့ စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း ရေခက်ခဲသော အိမ်ခြေများ ရေရရှိရေး စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်

နောင်ချို    ဖေဖော်ဝါရီ      ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း ရေခက်ခဲသော အိမ်ခြေများ ရေရရှိရေး စိမ့်စမ်းရေ သွယ်တန်းခြင်းကို ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း ရေခက်ခဲသော အိမ်ခြေများ၌ နေထိုင်သော အခြေခံလူတန်းစားအိမ်ထောင်စုများ နွေရာသီအခါ၌ ရေပြတ်လပ်ခြင်းဒုက္ခမှ ကင်းဝေးနိုင်စေရန် စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်မိုးအောင်၏ စီစဉ် ကြီးကြပ်မှုဖြင့် အလှူရှင်များ၏ လှူဒါန်းမှုများနှင့်အတူ စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေလှောင်ကန်ဆောင်ရွက်ခြင်းတို့ကို စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့၊ စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း နေထိုင်ကြသည့် အိမ်ထောင်စုဝင်များအနေဖြင့် နွေရာသီကာလတွင် ရေပြတ် လပ်ခြင်း၊ ရေရှားပါးခြင်း စသည့်အခက်အခဲများကို ယခုနှစ်မှစ၍ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း စျေးရပ်ကွက် အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

ထွေးငယ် (နောင်ချို-ပြန်ဆက်)