ဘုတ်ပြင်း မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အထက ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်အေးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသော ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ၊ Mask နှင့် Face Shield စသည့်ကို ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်
အခမ်းအနာသို့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူးပထမတန်း ဒုတိယဗိုလ်မှူးကြီး သော်ဇင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် ပညာရေး မှူးနှင့် ဌာနဆိုင်ရာများ ကျောင်းသားမိဘများ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းဦး (ပြန်/ဆက်)