မိုးနဲမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မိုးနဲ မေ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းရေး မှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းနှင့်အဖွဲ့ဝင်များ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းနေအရွယ် ကလေးလူငယ် တိုင်း အခြေခံပညာသင်ယူခွင့်ရရှိစေရေး၊ ကျောင်းနေနှုန်းမြင့်မားလာစေရေး၊ အခမဲ့ပညာရေး စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရေးနှင့် ကျောင်းတက်ရမည့် ကလေး များ ကျောင်းသို့ရောက်ရှိစေရေး အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်မှ ပေးအပ်သော ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် Mask၊ Faceshiled များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာကျောင်းအလိုက် ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)