ငါန်းဇွန်မြို့၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

                                                                                                                             ငါန်းဇွန်၊ မေ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်၊  မြို့နယ်အဆင့် ကျောင်း အပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ငါန်းဇွန်မြို့လောကနတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်း(မြို့နယ်အုပ်ချုပ်ရေးမှူး)က  အဖွင့်အမှာစကား ပြောကြားပြီး ငါန်းဇွန်မြို့မရဲစခန်း ဒုရဲမှူးလှထွန်းက မြို့နယ်အတွင်း လုံခြုံရေးကိစ္စများ စီမံ ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ခင်စမ်းတင့်က ကျောင်းအပ်နှံရေးသတင်းပတ် လှုပ်ရှားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများအား ဗလာစာအုပ်များ၊ကျောင်းသုံးပုံနှိပ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ/မများ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

သက်နောင်ဦး (ငါန်းဇွန်)